အိပ်မက်များနဲ့ရှင်သန်ခြင်း











တစ်နေ့တစ်နေ့ ရှင်သန်နေရတာ ပျင်းဖို့ကောင်းလိုက်တာလို့ တွေးမိကြတဲ့အခါတွေ ရှိမှာပါ။ အဲလိုအချိန်မျိုးမှာ ဘာလုပ်ရင်ကောင်းမလဲ။ ဟုတ်ပါပြီ။ အခု အသက်ဝင်နေတဲ့ နေ့စဉ်ဘ၀ကို ဖန်တီးဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

၁) နေ့စဉ်လုပ်နေကျတွေကို တစ်ရက်လောက်ပြောင်းကြည့်ပါ။

ကြည့်နေကျsiteတွေကို ရှောင်လိုက်ပါ။ တစ်ခါမှ မရောက်ဖူးတဲ့ site၊ တစ်ခါမှ မချတ်ဖူးတဲ့သူတွေနဲ့ ၀င်ရောကြည့်လိုက်ပါ။ အသစ်အဆန်းတစ်ခုရဖို့ အာမခံပါတယ်။ တစ်ခုအဆင်မပြေရင် နောက်တစ်ခုပြောင်းကြည့်ဖို့တော့ လိုတာပေါ့လေ။ သွားနေကျလက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်တွေကိုလည်း မသွားဘဲ တခြားတစ်ဆိုင်ဆိုင်မှာ သွားထိုင်ကြည့်ပါ။ ပတ်ဝန်းကျင်အသစ်ကြောင့် တစ်နေ့တာငြီးငွေ့မှုကို နည်းနည်းဖြစ်ဖြစ် လျော့ကျစေနိုင်ပါလိမ့်မယ်။ ပုံမှန်ထနေတဲ့အချိန်ထက် နောက်ကျပြီးဖြစ်ဖြစ်၊ စောပြီးဖြစ်ဖြစ် ထကြည့်ပါ။ ၉နာရီလောက်ထနေကျလူအတွက် မနက်၅နာရီမြင်ကွင်းက အသစ်အဆန်းခံစားရစေသလို၊ ၆နာရီထနေကျလူအတွက် ၉နာရီထတာကလည်း တစ်မျိုးဆန်းသစ်စေပါလိမ့်မယ်။ ပြီးရင် နားထောင်နေကျသီချင်းတွေကို ပိတ်ပြီး မကြားဖူးတဲ့ ခပ်စိမ်းစိမ်းသီချင်းမျိုးနားထောင်ကြည့်ပါ။ ဂျာနယ်၊ မဂ္ဂဇင်းဖတ်ရင်တောင် ဖတ်နေကျမဟုတ်တာတွေ ရွေးဖတ်ကြည့်ပါ။ လူဆိုတာ ဆန်းသစ်နေရတယ်မဟုတ်လား။

၂) ပတ်ဝန်းကျင် အနေအထားကို ပြောင်းကြည့်ပါ။

ကိုယ်ပိုင်အခန်းနဲ့ နေတဲ့သူတွေဆိုရင် စားပွဲတွေ၊ ကုတင်တွေ၊ မှန်တင်ခုံတွေကို နေရာပြောင်းပေးလိုက်ပါ။ အခန်းထဲဝင်လိုက်တာနဲ့ စိတ်ကလန်းဆန်းနေပါလိမ့်မယ်။ ကိုယ်ပိုင်အခန်းမဟုတ်ဘူးဆိုလည်း၊ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို လဲပေးလိုက်ပါ။ မ၀တ်တာကြာတဲ့ အ၀တ်ကိုရွေးဝတ်ကြည့်ပါ။ မှန်ထဲမှာ လူအသစ်တစ်ယောက်ကို မြင်ရပါလိမ့်မယ်။ အလုပ်မှာဆိုလည်း ကိုယ့်စားပွဲပေါ်မှာ ဘယ်ဘက်ကပစ္စည်းတွေနဲ့ ညာဘက်ကပစ္စည်းတွေကို ပြောင်းပေးလိုက်ပါ။ စိတ်ကအလိုလိုလန်းလာပါလိမ့်မယ်။

၃)လုပ်စရာမရှိဘူးဆိုရင်….

တစ်နေ့တစ်နေ့ သိပ်ပျင်းတာပဲဆိုရင်တော့ ဒီနည်းလေးတွေကို အသုံးဝင်နိုင်ပါလိမ့်မယ်။ အိုရီဂါမီခေါက်ကြည့်ပါ။ ကြိုးကြာတို့၊ ကြယ်တို့မဟုတ်ဘဲ အသစ်အဆန်းလေးတွေခေါက်ကြည့်ပါ။ အောက်မှာlinkပေးထားပါတယ်။ အဲဒီမှာ ခေါက်နည်းအပြည့်အစုံရှိပါတယ်။ အဲဒါကိုမှ ပျင်းသေးတယ်ဆိုရင် ဥာဏ်စမ်းလေးတွေ၊ psycho testတွေဖြေကြည့်ပါ။ အဖြေရဲ့ရလဒ်ကို ဘယ်လိုဖြစ်မလဲလို့ မျှော်လင့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ပြီး ကြည့်နေကျမဟုတ်တဲ့ ရုပ်ရှင်တွေကြည့်ပါ။ ဒီလိုပြောနေတာကြာပါတယ်။ လုပ်စရာမရှိတဲ့သူတွေအတွက် အောက်ကလုပ်စရာစာရင်းကို ဖတ်ကြည့်လိုက်တော့နော်။

၁) အိုရီဂါမီခေါက်မယ်(www.origami-instructions.com)
၂)သီချင်းအသစ်တစ်ခွေနားထောင်မယ်
၃)မကြည့်ဖူးသေးတဲ့ ဇာတ်လမ်းလိုမျိုးကြည့်မယ်
၎)sudokuဆော့မယ်
၅)blogအသစ်လုပ်မယ်
၆)မသွားဖူးသေးတဲ့ ကော်ဖီဆိုင်သွားကြည့်မယ်
၇)မတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်မယ်
၈)ငယ်ငယ်တုန်းက သိမ်းထားတဲ့ တိုလီမုတ်စလေးတွေရှာထုတ်ပြီး အတိတ်ကို အရသာခံမယ်
၉)တရားထိုင်ကြည့်မယ်
၁၀)ရုပ်ရှင်သွားကြည့်မယ်
၁၁)သူငယ်ချင်းတွေစုပြီး ခပ်ဝေးဝေးတစ်နေရာသွားမယ်(တိုင်းရင်းသားကျေးရွာတို့၊ ဇလွန်တို့၊ လှော်ကားတို့ပေါ့)
၁၂)ဖိတ်စာအဟောင်းတွေဖြတ်၊ အဲဒီအပေါ်မှာလျှောက်ဆွဲ၊ ကပ်ခွာတွေကပ်ပြီး မွေးနေ့ကတ်လေးတွေလုပ်မယ်
၁၃)ကော်ဖီအမှုန့်ကိုဖျော်၊ နှပ်ပြီး ကိုယ်ကြိုက်တဲ့ကားကြည့်ရင်း အိပ်မယ်
၁၄)ဆိုင်မှာခေါင်းသွားလျှော်မယ်
၁၅)ဆံပင်ပုံစံပြောင်းလိုက်မယ်
၁၆)အင်္ကျီ၊ဘောင်းဘီ၊စကတ်အဟောင်းတွေကို ဖြတ်၊ညှပ်၊ကပ်ပြီး အသစ်လုပ်ကြည့်မယ်

ကဲ… ဒီနည်းတွေထဲက တစ်ခုလောက်တော့ အသုံးတည့်လောက်ပါရဲ့နော်။



ဂျပန်စာဆိုတာ အများသိတဲ့အတိုင်း တရုတ်စာကနေ ဆင်းသက်လာတာပါ။ တရုတ်နိုင်ငံကနေ ဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေကို ဆက်ခံရာကနေ တရုတ်စာလုံးတွေကို ဂျပန်စာလုံးအဖြစ် တီထွင်ပြောင်းလဲခဲ့တာပါ။ တရုတ်စာလုံးတွေကို ဆက်သုံးနေတာလည်း ရှိပါတယ်။ စာလုံးပုံစံတူပေမယ့် အသံထွက်ကွဲသွားပါတယ်။ ဂျပန်စာ လေးမျိုးရှိပါတယ်။

၁) hiragana(ဟီရဂါ့န)

၂) katakana(ခါတာ့ခါ့န)

၃) kanji(ခန်းဂျီး)

၎) romaji(ရိုမားဂျီး)

ဆိုပြီးလေးမျိုးရှိပါတယ်။

Hiraganaနဲ့katakanaကဂျပန်စာလုံးတွေပါ။ နှစ်မျိုးလုံး အသံထွက်တူတူပါပဲ။ hiraganaကဂျပန်စာလုံးတွေ အတွက်သုံးပြီး katakanaက မွေးစားစကားလုံး(ဥပမာ…ကွန်ပျူတာ၊ တီဗွီ၊ ချောကလက်)တွေကို ရေးရာမှာသုံးပါတယ်။ မြန်မာနာမည်တွေလိုမျိုး နိုင်ငံခြားအသံထွက်အကုန်လုံးကို katakanaနဲ့ရေးပါတယ်။ အသံထွက်အတိုင်း ပေါင်းဖို့လိုတဲ့ နေရာမျိုးမှာ katakanaကိုသုံးပါတယ်။ kanjiကတော့ တရုတ်စာလုံးတွေပါ။ ဂျပန်ကိုယ်ပိုင်kanjiတွေရှိပေမယ့် နည်းပါတယ်။ romajiကတော့ ဂျပန်စာသင်တဲ့ နိုင်ငံခြားသားတွေအတွက် ဖန်တီးပေးထားတာပါ။ ပြောရရင် ကျွန်မတို့တွေသုံးနေတဲ့ myanglishလိုပါပဲ။ အင်္ဂလိပ်စာလုံးတွေနဲ့ပဲ ဂျပန်အသံထွက်ကို သင်တာပါ။

အခုအောက်မှာဖော်ပြထားတဲ့ဇယားက romajiနဲ့ဂျပန်အက္ခရာတွေကို ရေးပြထားတာပါ။ hiraganaနဲ့ katakanaရဲ့ အသံထွက်တွေလို့လည်း ပြောနိုင်ပါတယ်။ အလွတ်ကျက်ဖို့ လိုပါတယ်။ Read the rest of this entry »



ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူလဲလို့ ဆန်းစစ်ကြည့်ကြရအောင်ပါ။ ဒီနည်းလေးကို ကြားဖူးတဲ့သူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေအတွက်တော့ အပျော်ပဲဖြစ်ဖြစ် ဖြေကြည့်လိုက်ရအောင်နော်။

တစ်ခါတုန်းက မောင်လှနဲ့ မမြဆိုတဲ့ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိပါတယ်တဲ့။ သူတို့နှစ်ယောက်က ဘယ်လောက်ချစ်ကြလဲဆိုရင် တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ပါပဲတဲ့။ အဲလိုနဲ့…. တစ်နေ့ကျတော့ သူတို့နေတဲ့ရွာမှာ မုန်တိုင်းတိုက်ပါတယ်တဲ့။ မုန်တိုင်းတိုက်လို့ သူတို့နှစ်ယောက်ကွဲသွားပြီးတော့ မမြက မြစ်တစ်ဖက်ကမ်းကို ရောက်သွားပါသတဲ့။ မောင်လှကတော့ မုန်တိုင်းစဲသွားတဲ့နောက် မမြကို လိုက်ရှာတာပေါ့လေ။ ဒါပေမဲ့ မတွေ့ပါဘူးတဲ့။ ဟိုဘက်ကမ်းရောက်နေတာကိုး။ မောင်လှက မမြဟိုဘက်ကမ်းရောက်နေမယ်လို့ မထင်ဘူးလေ။ အဲဒါနဲ့ မမြက မနေနိုင်မထိုင်နိုင်ဖြစ်ပြီးတော့ မောင်လှရှိတဲ့ဘက်ကို ကူးဖို့လုပ်ပါသတဲ့။ ဒါပေမဲ့ မုန်တိုင်းစဲစဆိုတော့ မြစ်ထဲမှာ ကူးတို့လှေက သိပ်မရှိဘူးတဲ့။ မမြမြစ်ဆိပ်ကိုရောက်တော့ လှေဆိုလို့ တစ်စီးပဲရှိတယ်တဲ့။ အဲဒါနဲ့ မမြကအဲဒီလှေနားကပ်သွားပြီး “ဟိုဘက်ကမ်းကိုလိုက်ပို့နိုင်မလား”လို့ မေးတယ်တဲ့။ ဟိုလှေသမားက “လိုက်တော့ လိုက်ပို့နိုင်ပါတယ်၊ ဒါပေမဲ့ ၅၀၀၀ပေးရမယ်”လို့ပြောတယ်တဲ့။ မမြဒုက္ခရောက်တော့တာပေါ့။ ပုံမှန်ဆို ဒီခရီးက ၅၀၀၊ ၁၀၀၀လောက်ပဲ ကျတာကိုး။ သူ့မှာကလည်း ပိုက်ဆံမရှိ၊ မောင်လှကိုလည်း တွေ့ချင်နဲ့ စိတ်တွေညစ်နေတုန်း သူဌေးတစ်ယောက်က သူတို့နှစ်ယောက်နားရောက်လာတယ်တဲ့။ မေးရင်းမြန်းရင်းနဲ့ မမြအဖြစ်ကို သိသွားတော့ အဲဒီငွေကို သူပေးပေးပါ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူနဲ့ တစ်ညလိုက်အိပ်ရမယ်တဲ့လေ။ မမြကတော့ ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ဘူးတဲ့။ ဒါပေမဲ့ မောင်လှကို တွေ့ချင်စိတ်ကသိပ်အားကြီးနေ့တော့ သူဌေးကြီးပြောတာကို သဘောတူပြီး တစ်ညလိုက်အိပ်လိုက်သတဲ့။ အဲဒါနဲ့နောက်နေ့ကျတော့ ပိုက်ဆံရပြီး လှေသမားကိုပေးတော့ လှေသမားကလည်း ဟိုဘက်ကမ်းပို့ပေးတာပေါ့။ နောက်တော့ မောင်လှနဲ့ ပြန်တွေ့ပြီး ၀မ်းသာအားရနဲ့ နောက်တစ်ခါမခွဲတော့ဘူးဆိုပြီး ပေါင်းသင်းနေထိုင်ကြတယ်တဲ့။ ဒါပေမဲ့ ဇာတ်လမ်းက မပြီးသေးဘူး။ သူတို့လင်မယား နေသားကျနေတုန်းမှာ ဟိုဘက်ကမ်းက မောင်ဖြူဆိုတဲ့ မောင်လှသူငယ်ချင်းတစ်ယောက်က ရောက်လာတယ်တဲ့။ သူကမမြကို သူ့သူငယ်ချင်းလုပ်သူက ယူထားတာတွေ့တော့ အံသြသွားသတဲ့။ တစ်ခါတုန်းက သူဌေးအိမ်မှာ အိပ်ဖူးတဲ့ကိစ္စကို သိနေတော့ မောင်လှကို “မင်းမိန်းမက သူဌေးတစ်ယောက်နဲ့ တစ်ညအိပ်ဖူးတယ်ကွ”လို့ ပြောပြလိုက်တယ်တဲ့လေ။ အဲဒါနဲ့ မောင်လှလည်း ယမ်းပုံမီးကျဖြစ်ပြီး မမြကို မောင်းထုတ်လိုက်တယ်တဲ့လေ။

ကဲ… ဒီဇာတ်လမ်းမှာ ဘယ်သူအမှန်ဆုံးလဲ။ ဘယ်သူအမှားဆုံးလဲ။ အမှန်ဆုံးကနေအမှားဆုံးကို တစ်နှစ်သုံးလေးငါးစီပြီး စဉ်းစားကြည့်လိုက်ပါ။

ဟုတ်ကဲ့…. ရလဒ်ကတော့ အောက်ပါအတိုင်းပါ။

မောင်လှ=ကိုယ်ကျင့်သိက္ခာ၊ မမြ=အချစ်၊ လှေသမား=ငွေကြေး၊ သူဌေး=ရမ္မက်၊ မောင်ဖြူ=သူငယ်ချင်း

ဒီလောက်ဆို ကိုယ်က ဘယ်အရာကိုတန်ဖိုးအထားဆုံးလဲဆိုတာ ခန့်မှန်းနိုင်ပြီပေါ့နော်။



{December 2, 2008}   သူငယ်ချင်း

ငယ်ကစ လက်ယှက်တွဲ

ခက်ခဲလည်း ဖြတ်ကျော်

တစ်သက်မြဲ မှတ်ခေါ်တာ

ပြတ်ရော်ရန် မမှန်း။

တူပြေးကာ ခေါ်ကစားရယ်

ပျော်တပါး ဖြစ်ပုံအလွမ်း။

သင်အံကာ တူကျက်မှတ်တယ်

ဖြူသက်ထပ် ချစ်ပုံရယ်ဆန်း။

ခါတစ်လေ ရန်ဖြစ်တမ်းတို့

မှန်အချစ်စမ်း ကစားတယ်။

မကြာပါ ပြန်ကာခေါ်လို့

မြန်စွာပျော် ကလေးရွယ်။

ကံကြမ္မာ ပြန်ကာလည်သည်

မြန်မကြာတယ် ခွဲရလို့

စွဲတသ လွမ်းကာရယ်

တမ်းတလာတယ်။

ရင်ထဲဝယ်တော့ ရှိကြမယ်ထင်

သတိရလွယ်ရင် တွေ့ဖို့မှန်းတယ်လေး။



…အကြင်သူသည်…

နှလုံးသား၏စေစားမှုကို နားမလည်လျှင်သော်လည်းကောင်း

ဦးနှောက်၏အစေအပါး ဖြစ်နေလျှင်သော်လည်းကောင်း

အချစ်အဘိဓာန် ပျောက်ဆုံးနေလျှင်သော်လည်းကောင်း

အမုန်းလက်ဆောင် လက်ဝယ်ရှိနေလျှင်သော်လည်းကောင်း

အကြင်နာစမ်းရေနှင့် ဝေးကွာနေလျှင်သော်လည်းကောင်း

အာဃတကမ်းခြေ၌ မွေ့လျော်နေလျှင်သော်လည်းကောင်း

မေတ္တာဂေဟာ၌ မနေထိုင်လျှင်သော်လည်းကောင်း

အတ္တမြေမှာနှစ်ထပ်သီးစား စိုက်ပျိုးနေလျှင်သော်လည်းကောင်း

…ထိုသူသည်…

လူသားတို့၏မွေ့လျော်မှုကို မရှုစိမ့်သောမာရ်နတ်မှ

စေလွှတ်လိုက်သည့် တမန်တော်သာဖြစ်သည်။



{December 2, 2008}   One day!!

wFly! Fly! And again fly!

Fly until to the sky

wStars & moon just at night

Still going without flight

wNo one knows how much time

But not sour as a lime

wBelieve yourself to arrive at

U can take a pretty cat!

wMother; sky is waiting there

Don’t think about it is where

wHands like wings & your own wish

Make you to reach to sky; this

wJust to fly & fly to fly

Fly to your own cute sky!



{December 2, 2008}   ပုံပြင်

– ‘အသိ’တွေက တောင်ပေါ်တက်ပြီး

‘ဦးနှောက်’ကပျံသန်းဖို့ တောင်ပံယှက်နေတယ်။

– ‘အပြုံး’တွေက မီးကိုဦးမညွှတ်လို့

‘နှုတ်ခမ်း’က တရားခွင်မှာတဲ့။

– ‘အမုန်း’တွေက မြေလျှိုးသွားပြီး

‘ဒေါသ’က တွင်းတူးနေတယ်လေ။

– ‘အချစ်’တွေက တိမ်စီးချင်တယ်ပြောလို့

‘နှလုံးသား’က ကော်ဇောပျံရှာနေတော့

‘အလွမ်း’က တောင်ကြားထဲပြေးပုန်းလို့

‘ဝေးကွာမှု’က အမှုဖွင့်ထားတယ်…တဲ့။



et cetera