အိပ်မက်များနဲ့ရှင်သန်ခြင်း











…အကြင်သူသည်…

နှလုံးသား၏စေစားမှုကို နားမလည်လျှင်သော်လည်းကောင်း

ဦးနှောက်၏အစေအပါး ဖြစ်နေလျှင်သော်လည်းကောင်း

အချစ်အဘိဓာန် ပျောက်ဆုံးနေလျှင်သော်လည်းကောင်း

အမုန်းလက်ဆောင် လက်ဝယ်ရှိနေလျှင်သော်လည်းကောင်း

အကြင်နာစမ်းရေနှင့် ဝေးကွာနေလျှင်သော်လည်းကောင်း

အာဃတကမ်းခြေ၌ မွေ့လျော်နေလျှင်သော်လည်းကောင်း

မေတ္တာဂေဟာ၌ မနေထိုင်လျှင်သော်လည်းကောင်း

အတ္တမြေမှာနှစ်ထပ်သီးစား စိုက်ပျိုးနေလျှင်သော်လည်းကောင်း

…ထိုသူသည်…

လူသားတို့၏မွေ့လျော်မှုကို မရှုစိမ့်သောမာရ်နတ်မှ

စေလွှတ်လိုက်သည့် တမန်တော်သာဖြစ်သည်။



chanlinnay says:

လာလည်ပါတယ်ညီမရေ အားပေးပါတယ်။အကိုက http://www.naylinchan.blogspot.com/ မှာရေးပါတယ်။
ညီမကြည်ချင်ရင်-
http://www.naylinchan.co.cc/
http://chanlinnay.wordpress.com/
မှာကြည့်ပါ။
wordpress က အခုမှစတာပါ.။ဘလောခ်စပေါ့နဲ စာတွေအတူတူပါပဲ။



Leave a Reply

et cetera