လူတွေရဲ့ စိတ်ကိုခွဲခြားဖို့ဆိုတာ ခက်လွန်းအားကြီးပါတယ်။ ဒါပေမဲ့ အဲဒီခက်တာကိုပဲလိုချင်ဖို့ ဒီလူကဘယ်လို၊ ဟိုလူကဘယ်သို့ဆိုပြီး ခွဲခြားပြောတတ်ကြတယ်မဟုတ်လား။ အခုသူငယ်ချင်းတို့ကို လူ့သဘောသဘာဝကို အကြမ်းဖျဉ်းခွဲနိုင်မယ့် နည်းလမ်းလေး တစ်ခုမျှဝေချင်ပါတယ်။ နည်းနည်းတော့ ထူးခြားတယ်။ ဒီနည်းလမ်းကို သုံးဖို့ဆိုရင် ကိုယ်သိချင်တဲ့လူရဲ့ သွေးအုပ်စုကို သိမှရမှာ။ အထင်မသေးနဲ့နော်။ လက်တွေ့စမ်းထားတာ ၁၀၀မှာ နှစ်ယောက်လောက်ပဲ မှားသေးတယ်။ အောက်မှာရေးထားတာတွေကို အလွတ်မှတ်ပြီး ကိုယ်နဲ့ခင်တဲ့သူတွေကို ဘာသွေးလဲ လိုက်ပြောကြည့်လေ။ မှန်သွားရင် တော်တော်အထင်ကြီးခံရမှာနော်။ ကဲ…စပြီ။
Aသွေး
အေသွေးပိုင်ရှင်တွေက စေ့စပ်သေချာသူတွေပါတဲ့။ အရာရာကို စနစ်တကျ၊ သပ်သပ်ရပ်ရပ်လုပ်ကိုင်လိုပြီး လူ့ကျင့်ဝတ်တွေကို အတတ်နိုင်ဆုံးလိုက်နာကြပါတယ်တဲ့။ လူမှုရေးစည်းကမ်းတွေ၊ လူ့ဘောင်အသိုင်းအ၀ိုင်းတွေကို အလွန်ဂရုစိုက်တတ်ကြသူတွေတဲ့။ လွယ်လွယ်ကူကူ ဥပမာပေးရရင်တော့…အေသွေးပိုင်ရှင်တွေက စာမေးပွဲရှိပြီးဆိုတာနဲ့ စာကျက်ဖို့ပြင်လိမ့်မယ်။ သူတို့ရဲ့ ဖတ်စာအုပ်တွေမှာ စာရှင်းပြထားတာကို မှတ်ထားတာကလွဲပြီး တခြားဘာအရာမှ တွေ့ရမှာမဟုတ်ဘူး။ နောက်ပြီး ဆရာဆူမှာတို့၊ ကျောင်းနောက်ကျမှာတို့ကို တော်တော်စိုးရိမ်တတ်ကြတဲ့သူတွေပေါ့။ သမားရိုးကျဆန်ပြီးတော့ စာမှန်မှန်ကျက်တဲ့သူတွေ၊ အလုပ်အကြွေးမထားတဲ့သူတွေ၊ စိတ်လွတ်ကိုယ်လွတ် မနေတတ်တဲ့သူတွေတွေ့ရင် အေသွေးလို့သာမှန်းလိုက်တော့။ သြော်…ဂျပန်လူမျိုးတွေရဲ့ ၈၀ရာနှုန်းက အေသွေးပိုင်ရှင်တွေပါတဲ့။
Bသွေး
သူတို့ကျတော့ ခုနကအေသွေးတွေနဲ့ ဆန့်ကျင်ဘက်။ ဘာကိုမှ အရေးမထားဘူး။ သူတို့လုပ်ချင်တာပဲ စိတ်ဝင်စားတယ်။ မလုပ်ချင်ဘူးဆိုရင် တော်ရုံတန်ရုံ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ကြဘူးတဲ့။ လူမှုရေးတွေ၊ ပတ်ဝန်းကျင်တွေကိုလည်း ခေါင်းထဲမှာ သိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူတွေက ဘီသွေးပိုင်ရှင်တွေပေါ့။ ဒါပေမဲ့ ဘီသွေးပိုင်ရှင်တွေမှာ သူတစ်ပါးကို မြင်တတ်ကြတဲ့ အမြင်စိတ်ကူးတွေရှိကြပါတယ်တဲ့။ ဥပမာ…မနက်ဖြန်လို စာမေးပွဲရှိတာတောင် ဒီနေ့ဂိမ်းဆော့နေနိုင်တဲ့သူ၊ အလုပ်ပြုတ်မှာတွေ၊ ကျောင်းထုတ်ခံရမှာတွေကို သိပ်မကြောက်တတ်တဲ့သူ၊ သပ်သပ်ရပ်ရပ်မရှိဘဲ သူတို့ပျော်သလိုနေတတ်ကြသူတွေက ဘီသွေးပိုင်ရှင်တွေပေါ့။ အနုပညာသမားတွေ၊ ဝေဖန်ရေးဆရာတွေထဲမှာ ဘီသွေးကအများဆုံးပဲတဲ့။
Oသွေး
ဒီသွေးကတော့ ဆရာကြီးသွေး။ ဘာလို့လဲဆိုတော့ ဒီသွေးပိုင်ရှင်တွေက သူများကိုဦးဆောင်ရမှ ကျေနပ်တတ်ကြတယ်တဲ့။ အပေါင်းအသင်းစိတ်ရှိပြီး အေးအေးဆေးဆေးနေလိုတဲ့အခါမျိုးလည်း ရှိတတ်ကြပါတယ်။ တစ်ခါတစ်လေကျတော့လည်း နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ချင်ကြတယ်တဲ့။ သူတို့ပြောတာမှအမှန်လို့ ယူဆချင်ကြတာလည်း ဒီအိုသွေးအုပ်စုဝင်တွေပါပဲ။ ကိုယ့်အပေါင်းအသင်းတွေထဲမှာ သူများကိုဆရာလုပ်တတ်တဲ့ အကျင့်ရှိနေတဲ့သူတွေကိုတော့ အိုသွေးလို့သာစွပ်စွဲလိုက်တော့။ သူတို့ကျတော့ ကျောင်းဆရာတွေ၊ ခေါင်းဆောင်တွေအဖြစ်များကြတယ်လေ။ မြန်မာပြည်မှာတော့ အိုသွေးပိုင်ရှင်အများဆုံးလို့ ထင်ရပါတယ်။
ABသွေး
ဒီသွေးပိုင်ရှင်တွေကတော့ ရှားလည်း အရှားဆုံး။ ထူးလည်းအထူးဆန်းဆုံးပဲ။ သူတို့မှာ အေရော၊ ဘီရောပေါင်းထားတဲ့ အရည်အသွေးတွေ ရှိနေတတ်ကြတယ်တဲ့။ ဘီတွေထက်တောင်ပိုပြီး ဘာကိုမှမမှုကြဘူးတဲ့။ အေတွေလိုပဲ စနစ်တကျလည်း လုပ်တတ်ကြပါတယ်။ အခန်းထဲမှာ ဒီလူကတော့ လူတစ်မျိုးပဲလို့တွေးမိရင် အဲဒီလူကအေဘီသွေးပိုင်ရှင်ဖြစ်ဖို့ များနေပါပြီ။ သွေးအုပ်စုဝင်တွေအားလုံးထဲမှာ အရှားဆုံးသွေးပါ။
အုပ်စုတွေမတူသလို အေနဲ့ဘီနဲ့က မတည့်ကြပါဘူးတဲ့။ တစ်ယောက်နဲ့တစ်ယောက် အကျင့်ချင်းက ဘာမှမဆိုင်တော့ အဆင်မပြေပါဘူးတဲ့။ အေကသပ်သပ်ရပ်ရပ်နေ၊ ဘီကလိုက်ဖွနဲ့ ထငြင်းကြရောတဲ့။ အဲ…အိုနဲ့ဘီနဲ့ ကျတော့ သိပ်တည့်ကြပြန်ရော။ အိုက သူလုပ်ချင်သလိုဆရာလုပ်။ ဘီကလည်း သူမလုပ်ရရင်ပြီးရော၊ အားရပါးရထောက်ခံနဲ့ သိပ်တည့်ကြသူတွေပေါ့။ အေဘီတွေကတော့ အာလုံးက တစ်မျိုးပဲဆိုတဲ့ အမြင်နဲ့ကြည့်ခံရသူတွေဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့နော်။
ဒီအယူအဆက ဂျပန်တွေရဲ့အယူအဆတွေပါ။ မြန်မာပြည်မှာ တစ်ယောက်နဲ့တစ်ယောက်ခင်သွားရင် ဘာနေ့သားလဲလို့မေးပြီး အကျင့်တွေမှန်းတတ်ကြသလိုမျိုး၊ သူတို့တွေကလည်း မိတ်ဆက်တာနဲ့ ဘာသွေးလဲအရင်မေးတတ်ကြသူတွေပါ။ သူတို့ဆီမှာ အလုပ်လျှောက်ရင် သွေးအမျိုးအစားကိုပါ ထည့်ရေးရပါတယ်။ လူတစ်ယောက် အလုပ်တစ်ခုနဲ့ ကိုက်၊မကိုက်ဆိုတာကို သွေးအုပ်စုကိုပါထည့်စဉ်းစားတဲ့ သဘောပါ။ ဘာသွေးဖြစ်ဖြစ် အရေးကြီးတာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖို့မဟုတ်လား။ ကဲပါ…ဘေးကလူတွေကိုလိုက်ပြီး ဘာသွေးပိုင်ရှင်ဖြစ်မလဲ ခန့်မှန်းလိုက်ကြပါဦး။ သူငယ်ချင်းအသစ်တွေရရင်လည်း ဘာသွေးလဲမေးကြည့်ပြီး အကျင့်စရိုက်ကို ကြိုမှန်းလို့ရတာပေါ့။
အဟားး ဆရာကြီးလုပ်တတ်တယ်တဲ့. အဟုတ်ပဲ… ခေါင်းဆောင်တော့မဖြစ်ချင်ပါဘူး
နည်းနည်းလောက်ဆရာလုပ်ရရင်ကျေနပ်တယ်.. အဟိ..
ညီမရေ မေးလ်အက်လိုက်ပါလား ဆီပုံးမှာပြန်ဖြေရတာ ပြန်မေးလို့လည်းမရတော့ ဘာကြောင့်မှန်းမသိ…. ဖြစ်နိုင်ရင်ပေါ့……
မမ လာလာမန့်ပေးတာ တအားကျေးဇူးတင်တယ်နော်။ တကယ်ပြောတာ။ ဆီပုံးကရတော့မှာပါ။ ဒီသုံးလေးရက်ပေါ့နော်။
စာရေးဆရာမကြီး ချမ်းမြေ့ခိုင်ရေ လာလည်သွားပါတယ် မခိုင်ဆီကနေ လင့်ခ်ရတာနဲ့ လာဖြစ်တာပါ။ အရင်က ဘလော့တုန်းကထက် ဒီဝေါ့ပရက်စ်က ပိုလန်းတယ်ဗျာ စာတွေလည်းဖတ်သွားတယ်။. ထပ်တင်ပါဦး။ စာကောင်းပေကောင်းလေးတွေ ဖတ်ချင်ပါတယ်။ သွေးအုပ်စုပို့စ်ကိုတော့ အကြိုက်ဆုံးပဲဗျာ။ အောင်မြင်ပါစေ။
ဆရာကြီးလုပ်ချင်လို့ လုပ်တာမဟုတ်ဘူးနော်….
အိုသွေးပိုင်ရှင်မို့ သူ့အလိုလိုဖြစ်သွားတာ….
ဟတ်ဟတ်
အင်း… မိုက်တယ်ဗျို့။ ကျုပ်က အိုသွေးပဲ။ နေရာတကာလည်း ဆရာလုပ်တတ်တယ်ဗျ။
သွေးစာစုက ဖတ်လို့ကောင်းပါတယ်. အခွင့်ရှိမယ်ဆိုရင် ကျွှန်တော် site မှာတင်ပြချင်ပါတယ်။ အများသူအတွက် ဗဟုသုတ ရရန် ရည်ရွယ်လျက်
လေးစားစွာဖြင့်
cyan19: ဟုတ်ကဲ့ ဖော်ပြလို့ရပါတယ်။ ဘလော့ဂ်လင့်လေးထည့်ပေးပါနော်။ လာဖတ်တဲ့အတွက် ကျေးဇူး။
ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ဘယ်လိုမှန်းလဲမသိဘူးလို့ ထင်နေတာ။ ဟုတ်မယ်ဗျ။ ကျွန်တော်က အေဘီသွေးပါ။
တီတီညခင်းရော တူလမင်းရောအေသွေးတွေဗျာ
တကယ်မှန်ပါပေတယ်
ကျနော်တို့ မှာလဲဒီလို သွေးအုပ်စု အကြောင်းလေးရေးထားသေးတယ်
တမျိုးစီပေါ့နော်
ဒါကသွေးဗေဒင်လားဗျ တခါမှမကြားဖူးဘူး။ဒါနဲ့ ကျနော့်သေး …. အဲလေ..မှားလို့သွေး
အမျိုးအစားလဲ မပါပါလားဗျ ကျနော်က ဗေးသွီးလေ မတွေ့ဘူး ရှာပေးပါ ပြီးရင်ပြောပြနော်။
ဟုတ်တယ် မှန်တယ်နော်
တားတားလေးက အေဘီသွေး
မယုံရင် ရေးထားတဲ့စာတွေဖတ်ကြည့်
ဟီး