အိပ်မက်များနဲ့ရှင်သန်ခြင်း











ဘလော့ကိုကို၊ ညိုတိုတို
အလိုလန့်လိုပြေး။
ဖက်တီးပုတ်ရယ်၊ ပိန်ရှည်ကွယ်
တကယ်အထာပေး။
ဘလော့မမ၊ လာပါဗျ
ခယသူခေါ်သေး။
ရေးစရာမရှိ၊ အပျင်းပိ
ဖတ်ကြည့်အိပ်ငိုက်ဆေး။
ကျွန်တော်ခန့်ချော၊ လူပျိုချော
အပြောချိုပါသလေး
ဘာကြောင့်အပြောချို၊ စဉ်းစာလို
ဒီလိုအဖြေလေး။
နဖူးကမောက်၊ ရူပါပျောက်
ခါးကောက်ဗိုက်ပူသေး။
ဝက်ခြံထူလပျစ်၊ အပီညှစ်
အသစ်ထပ်ထွက်ပေး။
ဒါကြောင့်မို့သုံး၊ စကားလုံး
ကွယ်ဖုံးရူပါလေး၊
အဟေး…ဟေး…ဟေး။

(ကိုအိမ်ရေးထားလို့ ပြန်ရေးရတာနော်….)
(ပြန်လည်ချေပနောက်ပြောင်ကျီစယ်ခြင်းသာဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးနစ်နာလိုစိတ်မရှိကြောင်း….)



ဟဟဟားး

ညီမလေးတွေ တော်တော်စည်းလုံးပြီးတော်နေကြပါလား။
တော်တော်ကောင်းတဲ့ ကဗျာလေးပဲ.
လာရောက်အားပေးသွားပါတယ် ညီမလေးရေ.
ညီမလေး ဒရင်းအိမ်ကနေလာလည်တာပါ။

မမ၀ါ



အဲငှဲ….. စူလဲအလာကြီးပဲ။အထင်တော့ မစမောနဲ့နော တို့ကချောလွန်းလို့ ငါးရှဥ့်တောင်အဖေခေါ်ရတာ ငှီးငှီးငှီး



စီဘောက်မရှိလို့ ဒီမှာပဲ လာအော်သွားတယ် သားဆိုးလေးရဲ့ နောင်တနဲ့ ကြင်ဖော်ရွေးပွဲစနေ
ပြီဗျို့



Dream says:

နေ့အိပ့်မက်ဆီကို အိပ်မက်မင်းသမီးလေး မက်မက်က လာလည်တယ်နော်… အဟိ…
ညရေးရေ… ကောင်းတယ် ကောင်းတယ်.. နာနာ သာဆော်.. အဟိ.. လာမြှောက်ပေးတာ…
ညီမအိမ်ကိုနှစ်ရက်ရှိပီ.. ရောက်ဖြစ်ပါတယ်… စာတွေပဲ ဖတ်သွားတယ်.. နှုတ်ဆက်ဖို့ က စီ
ဘောက်ပျောက်နေလို့ မရေးဖြစ်တာ ပါ… အဆင်ပြေရင် စီဘောက်ကို ဖွက်မထားနဲ့လေ.. တင်ထားလိုက်နော်.. အဟိ…. :P :P နောက်လည်း လာပါ့မယ်နော့်.. အာဝါးးးးးးးးးးးးးးးးးးးးးးးး



thinker says:

ကဗျာ လန်းတယ်။
ဖတ်ပြီး ရီရတယ်။

ရောက်ဖြစ်တာ မကြာခဏပါပဲ။
စီဘောက်မရှိလို့ မရေးဖြစ်တာ တစ်ခုပဲ။

သင်ကာ



ကောင်းလိုက်တဲ့ ကဗျာလေး..အားပေးတယ်…ညလေးရေဆက်လုပ်..လင့်သွားတယ်။
လည်လည်လာခဲ့ဦး။



တားတားလေးကိုကြည့်ပီးရေးတာ ဟုတ်ပါဘူးနော်။
အဟင့် အဟင့် တုညားတွေ ဖတ်မိရင် တွားပါပီ
မမ၀ါရေ တားကို ကြည့်ပီးရေးတွားတယ်ဂျ
ဟီး အော်စရာစီဘောက်မရှိလို. ဒီမှာအော်သွားတယ်
စိတ်ချိုးဘူးဟုတ်
ခင်မင်လျှက် ဖိုးဂျယ်



ညီမလေးရေ..

ညီမလေးတို့ရဲ့ ကဗျာလေးတွေကို အစ်မဆီမှာပို့စ်ပြန်တင်မလို့ ကူးသွားပါတယ်နော်.



idulize says:

အော် .. ချေပ ကဗျာလေးပါလား .. ဟိဟိ
အစ်ကိုလည်း ရေးဦးမှ …
ဒါနဲ့ ကျော်ခွတာနဲ့ ပတ်သက်ပြီး ပြောမယ်ဗျ..
ချက်တင်ကနေ .. မတွေ့ဘူး ဖြစ်နေလို့ …
ဘယ်မှာနေလဲ မလျှိုနဲ့နော် .. သိတယ် …



Leave a Reply

et cetera