အိပ်မက်များနဲ့ရှင်သန်ခြင်း











“ဒီနေ့လည်း ၂၀၀ဖိုးပဲ မဟုတ်လား ဦး”

ဦးမြလွင် ခေါင်းညိတ်ပြလိုက်သည်။ သူကနေ့တိုင်း အိမ်ရှေ့တွင် စပါးတွဲချိတ်၍ စာကလေးများကို ဒါနပြုနေသူဖြစ်သည်။ ရည်ရွယ်ချက်တော့ ထွေထွေထူးထူးရှိ၍ မဟုတ်။ မည်သူမျှမရှိသော အိမ်တွင် စာကလေးအသံများဖြင့် အနည်းငယ်စိုပြည်စေလိုသည်ကိုတော့ ၀န်ခံရမည်။ သို့သော် စာကလေးများ လွယ်လွယ်ကူကူ အစာရှာရစေရန်လည်း ဆန္ဒရှိ၍ ဖြစ်သည်။

ယခင်က စပါးတွဲကို ထိုကလေးဆီမှ ၀ယ်လိုက်၊ ဤကလေးထံမှ ၀ယ်လိုက်နဲ့ အတည်တကျမရှိ။ ကြာတော့လည်း ကလေးများကို အကဲခတ်မိလာသည်။ တီးမိခေါက်မိ ရှိလာသည်။

“မင်းတို့က ဘယ်ကလာတာလဲကွ”

“ဒလကလေ၊ ကမ်းကူးပြီးလာတာ၊ သားတို့က ဟိုဘက်ကမ်းမှာနေတာ” Read the rest of this entry »



et cetera